သုတနည်းပညာ ဌာန

မျှော်မှန်းချက်

လူမှုဆက်ဆံရေး ကောင်းမွန်ပြီး လုပ်ငန်းခွင်ကျင့်ဝတ်ကို လေးစားလိုက်နာသည့် အရည်အချင်းပြည့်ဝသော အင်ဂျင်နီယာများကို မွေးထုတ်ရန်အတွက် အင်ဂျင်နီယာပညာရေးနှင့် သုတေသနအခွင့်အလမ်းပေးသည့် အရည်အသွေး အသိအမှတ်ပြုခံရသော နည်းပညာတက္ကသိုလ်တစ်ခုဖြစ်လာရန်။

လုပ်ငန်းတာဝန်

(၁) အရည်အသွေးမီ အင်ဂျင်နီယာပညာရေး၊ သုတေသနအတွေ့အကြုံကောင်းများနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကျွင်းကျင်မှုများကို ဒေသတွင်းလူငယ်များအား ဖြန့်ဝေပေးရန်။

(၂) တက္ကသိုလ်နှင့် စက်မှုလုပ်ငန်းများအကြား ထိရောက်စွာဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသားလူငယ်များအတွက် သင်ယူမှုပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးရန်။

(၃) စုပေါင်းလုပ်ဆောင်မှု၊ အင်ဂျင်နီယာအဖွဲ့အစည်းအမျိုးမျိုးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့မှတဆင့် လူမှုဘဝနယ်ပယ်တွင် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ယုံကြည်အားထားလောက်သည့် ခေါင်းဆောင်မှုပေးနိုင်သော အရည်အချင်းပြည့်ဝသည့် အင်းဂျင်နီယာများကို ပြုစုပျိုးထောင်ရန်။

(၄) ကျင့်ဝတ်သိက္ခာကို လေးစားလိုက်နာပြီး ၎င်းတို့၏ အင်ဂျင်နီယာသက်မွေးမှုလုပ်ငန်းကို စဥဆက်မပြတ်တိုးတက်အောင် တာဝန်ယူလုပ်ဆောင်နိုင်သည့် အရည်အသွေးမီ အင်ဂျင်နီယာများ မွေးထုတ်ပေးရန်။